Sunday, January 13, 2008

TIME WILL SAY THE RIGHTS

သီးခြားမိသားစုဝင်များ၏ မွေးစားခြင်းခံရသော အမြွာနှစ်ဦးသည် မောင်နှမအရင်းအချာဖြစ်နေသည်ကိုမသိရှိဘဲအိမ်ထောင်ပြုခဲ့ပြီးနောက် သွေးသားတော်စပ်မှုမှန်ကန်ကြောင်းဗြိတိန်ဇနီးမောင်နှံသမဂ္ဂမှဖော်ထုတ် တွေ့ရှိခဲ့ကြောင်း၊ လက်ထပ်ထိမ်းမြားခြင်းအား တရားရုံးမှပယ်ဖျက်ခဲ့သည်။ တရားသူကြီး၏ ဆုံးဖြတ်ချက်ကိုကြားနာခဲ့သည့် အမြွာနှစ်ဦးက တစ်ဦး ပေါ်တစ်ဦး အလွယ်တကူ ဖြတ်တောက်မရနိုင်သော သံယောဇဉ် တွယ်တာ မိသဖြင့်ကြေကွဲခံစားရကြောင်း၊ ပြောဆိုခဲ့သည်။ ထို့ကြောင့် ကလေးမွေးစားမှုတွင် မိဘများနှင့်ပတ်သက်သော အထ္ထုပ္ပတ္တိများ ရှာဖွေရန်မည်မျှအရေးကြီးကြောင်း ယင်း အဖြစ်အပျက်က သက်သေပြ ခဲ့သည်ဟု တာဝန်ရှိသူ တစ်ဦး ကဆိုသည်။ ၄င်းအမွှာနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦးစတင်တွေ့ရှိချိန်မှစ၍ဘ၀အစိတ်အပိုင်းအသေးစိတ်အချက်အလက်များကို လျှို့ဝှက်ထိန်းသိမ်းထားသဖြင့်အိမ်ထောင်ကျပြီးသည့်တိုင်အောင်သွေးသားရင်းများတော်စပ်ကြောင်းမသိရှိခဲ့ပေ။ သို့သော်မည်သူတစ်ဦးတစ်ယောက်မျှမိမိဘ၀အစစ်အမှန်ကို ဖုံးကွယ်၍မရဘဲ၊အမှန်တရားသည်အနှေးနှင့်အမြန်ထွက်ပေါ်မည်ဖြစ်သည်။ ဗြိတိန်နိုင်ငံတွင် သွေးသေားတော်စပ်သူချင်း လက်ထပ်ခြင်းကို ပြင်းပြင်း ထန်ထန်တားမြစ်ထားသည်။(ဘီဘီစီ)

No comments: